Wednesday, March 11, 2009

ဘရယ်ဝရယ်...

များလိုက်တဲ့အလုပ်
မဟုတ်တာတွေလည်းလုပ်
ဟုတ်တာတွေလည်းလုပ်
အချိန်ရှိသရွေ့
computer ရှေ့တကုတ်ကုတ်။
ခေါင်းကိုတဗျင်းဗျင်းကုတ်
ရှိစုမဲ့စုအကြံဥာဏ်တွေညှစ်ထုတ်။
စားလည်းသုတ်သုတ်
သွားလည်းသုတ်သုတ်။
ဒါပေမဲ့လည်း
ဘဝကြီးက ဒီအတိုင်းပဲ ငုတ်တုတ်။
တဒုတ်ဒုတ်နဲ့နှလုံးသားလေးလည်း
ပြောင်းသွားခဲ့ပြီကျောက်ရုပ်။
ဟဲ့...ဟဲ့..ပလုတ်တုတ်
ငါ့ကိုယ်ပေါ်မှာ ကြိုးတွေကခပ်ရှုပ်ရှုပ်
ဒီကြိုးတွေကိုဆွဲနေတာက ငါ့ manager တရုတ်
ဟင်...ဒါဆို
ငါကသူတို့တွေရဲ့ ရုပ်သေးရုပ်...။

7:50 pm
March 11 Wednesday 2009

(ရုံးမှာ ခုတလော အလုပ်တွေ တော်တော်လေးများလွန်းလို့ စိတ်တွေရှုပ်ပြီး ရေးလိုက်တာ။ project တခုကမပြီးသေးဘူး..နောက် project တခုကလုပ်နေရပြီ။..သြော်..ဘဝ ဘဝ)...း)