များလိုက်တဲ့အလုပ်
မဟုတ်တာတွေလည်းလုပ်
ဟုတ်တာတွေလည်းလုပ်
အချိန်ရှိသရွေ့
computer ရှေ့တကုတ်ကုတ်။
ခေါင်းကိုတဗျင်းဗျင်းကုတ်
ရှိစုမဲ့စုအကြံဥာဏ်တွေညှစ်ထုတ်။
စားလည်းသုတ်သုတ်
သွားလည်းသုတ်သုတ်။
ဒါပေမဲ့လည်း
ဘဝကြီးက ဒီအတိုင်းပဲ ငုတ်တုတ်။
တဒုတ်ဒုတ်နဲ့နှလုံးသားလေးလည်း
ပြောင်းသွားခဲ့ပြီကျောက်ရုပ်။
ဟဲ့...ဟဲ့..ပလုတ်တုတ်
ငါ့ကိုယ်ပေါ်မှာ ကြိုးတွေကခပ်ရှုပ်ရှုပ်
ဒီကြိုးတွေကိုဆွဲနေတာက ငါ့ manager တရုတ်
ဟင်...ဒါဆို
ငါကသူတို့တွေရဲ့ ရုပ်သေးရုပ်...။
7:50 pm
March 11 Wednesday 2009
(ရုံးမှာ ခုတလော အလုပ်တွေ တော်တော်လေးများလွန်းလို့ စိတ်တွေရှုပ်ပြီး ရေးလိုက်တာ။ project တခုကမပြီးသေးဘူး..နောက် project တခုကလုပ်နေရပြီ။..သြော်..ဘဝ ဘဝ)...း)
Subscribe to:
Post Comments (Atom)
8 comments:
ဟေး အရမ်းကောင်းတယ်...
ှုငါကြိုက်တယ်...
you could put this into a rap song. thate kg del.
I REALLY LOVE this poem.
Boke
မြဲမြဲခိုင်တဲ့..ကျောက်ရုပ်တွေတောင်..
တွန်းတိုက်ပါများ..နဲ့နဲ့လို့လာရင်..
လာဖတ်သွားသည်ကောင်းသည်။ သတိရနေပါသည်။
Even if La Min Mo Mo were in your job, she could not possibly articulate her joy at work as well as you have in such few words.
That's saying a lot from this die-hard La Min Mo Mo's fan.
this is really, "really good"
yemon
အရမ်းကောင်းတဲ့ ကဗျာလေးပါဗျာ။ ဒီဘလောက်လေးကိုလဲ လင့်ထားပါရစေ၊ ကျွန်တော်ကဗျာတွေ သိပ်မဖတ်ဖြစ်ပေမယ့် ဒီကဗျာကိုတော့ အရမ်းကြိုက်သွားတယ်
Post a Comment