Friday, January 9, 2009

ရူးမိုက်ခြင်း...

ပူမှန်းသိသိ
ငါကိုင်မိ...။
နောက်ဆုတ်ဖို့သတ္တိ
ငါ့မှာမရှိ...။

စူးမှန်းသိသိ
ငါဆုပ်မိ...။
နှုတ်ပစ်ဖို့သတ္တိ
ငါ့မှာမရှိ...။

နစ်မှန်းသိသိ
ငါတိုးမိ...။
ရုန်းထွက်ဖို့သတ္တိ
ငါ့မှာမရှိ...။

စွဲစွဲငြိငြိ
ငါချစ်မိ...။
မုန်းမေ့ဖို့သတ္တိ
ငါ့မှာမရှိ...။

အချစ်အင်အား
ပေးသနားကာ
ငါ့အားလှည့်စား
ပျော်ပါးခဲ့တဲ့
နင့်အားမမေ့ပြီ....။

January 21 1997

(ဒီကဗျာလေးကို လွန်ခဲ့တဲ့ ၁၁ နှစ်လောက်ကရေးခဲ့တာပါ။ဘာ့ကြောင့်ရေးခဲ့မှန်းလည်း မသိတော့ပါဘူး...။ဒါပေမယ့် အခု ပြန်ဖတ်ကြည့်ပြီး ကြိုက်လို့ တင်လိုက်တာ။) =)

3 comments:

aZ bayote said...

နင်ဆိုတာ ဘယ်သူလဲဟင်။ မှတ်မိသေးရဲ့လား?

D Soe said...

အင်း...မှတ်မိသလောက်ဆိုရင် ငယ်ငယ်တုန်းက နင် တာတွေ များလွန်းတော့ ဘယ်သူမှန်း သေချာတောင် မသိတော့ပါဘူး...ဟီးဟီး။ ;p

Anonymous said...

နင်ငါ့ကိုမှတ်မိသေးရဲ့လား..
မှတ်မိသေးရဲ့လား..
စဉ်းစားပြီးပြောပါ
သိရဲ့လားတို့ဘယ်သူလဲ..