Saturday, January 17, 2009

ဇွတ်တရွတ်

ဟိုး...ရှေ့မှာ
စိမ်းပြာပြီး ကြည်လင်တဲ့
ရေကန်ကြီးတစ်ခု...။
အကျည်းတန်ဆိုင်းဘုတ်တစ်ခုက
ဤရေကန်တွင် ငါးမမျှားရတဲ့...။
ဘယ်သူပြောလဲ။
ငါးလာမျှားတာလို့...။
ဒီလောက်လှတဲ့ရေကန်မှာ
ရေ ဝအောင်ကို ကူးဦးမှာ...။

ဟိုး...ရှေ့မှာ
စိမ်းလန်းပြီး လှပတဲ့
ပန်းဥယျာဉ်ကြီးတစ်ခု...။
အကျည်းတန်ဆိုင်းဘုတ်တစ်ခုက
ဤဥယျာဉ်တွင် ပန်းမခူးရတဲ့...။
ဘယ်သူပြောလဲ။
ပန်းလာခူးတာလို့...။
ဒီလောက်မွှေးပျံ့တဲ့ ပန်းရနံ့တွေ
အားရအောင်ကို နမ်းဦးမှာ...။

ဟိုး...ရှေ့မှာ
ဖြူစင်ပြီး အေးချမ်းတဲ့
လူတစ်ယောက်...။
အကျည်းတန်အဖြစ်တစ်ခုကြောင့်
သူ့နှလုံးသားမှာ အချစ်မရှိတော့ဘူးတဲ့...။
ဘယ်သူပြောလဲ။
သူ့အချစ်ကိုလိုချင်တာလို့...။
ဒီလောက်အပြစ်ကင်းတဲ့လူကို
ကူညီပြီး ချစ်လိုက်ဦးမှာ...။

8:21 pm
January 17 2009

6 comments:

Anonymous said...

awwwwwwwww.. that's sweet :-)

Boke

D Soe said...

hehehe..thank you, Boke ;p

aZ bayote said...

ခွင့်လွှတ်ပါမိန်းခလေး
ဒီဗရုတ်ရင်ထဲမှာ
အစုတ်တွေပဲ ကျန်တော့တာမို့
အဟုတ်လို့တော့ မထင်လိုက်ပါနဲ့
ငါ့ကို
ငုတ်တုတ်သာထားခဲ့ပေတော့
ဘုတ်တလုတ် ကန်နဘေးမှာလေ။

ဘုတ်တလုတ်ကန်မှာ ရေသာဝအောင် ကူးသွားပါကွယ်။
:) :) :) =P

D Soe said...

ဟားဟားဟား...
ကိုယ့်ကိုယ်ကို အဲ့လောက်အထင်ကြီးလား....။ :):)
;p

Anonymous said...

သြော်..အမလေးက
"ကူညီပါရစေ" ကကို..
ပြည်သူ့ ဝိုင်းတွေရဲနေပြီ...

D Soe said...

m guy ရေ...ပြည်သူ့ဝိုင်းတွေ ရဲစမ်းပါစေကွယ်... :P