Tuesday, May 5, 2009

ထပ်တူကျခြင်း

ဟိုတစ်နေ့ညနေက
ခြေခင်းလက်ခင်းသာလို့
ဂစ်တာကို ကြိုးညှိပြီး
သီချင်းတစ်ပုဒ် ခပ်တိုးတိုးညည်းမိတယ်...။

ပိပိရိရိညာသွားတဲ့ ကံကြမ္မာအကြောင်း
ငါနဲ့ အတူ ဒီဂစ်တာက သိပုံရတယ်...။

ဟို အရင်တစ်ဘဝကျော် သစ်ပင်ဖြစ်စဉ်တုန်းက
တော်ခဲ့တဲ့ သူ့မဟော်ဂနီမိသားစုကိုပဲ သတိရလို့လား၊
ဒါမှမဟုတ်...
ငါကိုယ်တိုင် ဘန်းကျော်က ခနော်နီခနော်နဲ့ ငါ့မိသားစုကို သတိရနေလို့လား၊

ဂစ်တာနဲ့ ငါ့ရဲ့
စူးရှပြင်းပြတဲ့ သံစဉ်တွေဟာ
နရီစည်းချက်ကျကျ လှလှပပ
တအိအိနဲ့ ဖြာကျလာတယ်။

ဂစ်တာလည်း အလွမ်းသီချင်းတွေဆိုတယ်။
ငါလည်း အလွမ်းသီချင်းတွေဆိုတယ်။
အဲ့ဒီ့ညနေက
ဂစ်တာရယ် ငါရယ် သီချင်းလေးတွေဆိုကြတယ်....။

၂း၀၂ pm
မေ ၀၅ ၂၀၀၉

2 comments:

Anonymous said...

awwwwwwwwwww.. this is sweet one.

Boke

Anonymous said...

mite tae kwar

yemon