Sunday, May 31, 2009

ဥပက္ခာတရားရဲ့ နောက်ဆက်တွဲ

ညက ခွေးအူတယ်။
အူတာ ခွေးသဘာဝမို့
ဘာညာဘာညာ တွေးမပူမိဘူး။

ခွေးက အူတာ အပြင်
ဟောင်ပါဟောင်လာတယ်။
ဟောင်တာလည်း ခွေးသဘာဝမို့
ဘာညာသာရကာ တွေးမကြောင်မိဘူး။

ရောင်နီလာမနက်ခင်းရောက်မှ
ပြောင်သလင်းခါနေတဲ့ သော့ပေါက်နဲ့
တောက်...
ဒီသောက်သူခိုး ခိုးသွားတာ
ငါတမြတ်တနိုး သိမ်းထားတဲ့
ငါ့ရဲ့သိက္ခာတရား...။

10း28 am
May 31 2009

(ကဗျာလေးက နဲနဲ ရင့်သီးပြီး ရိုင်းသလို ဖြစ်နေပါတယ်...။ စိတ်ထဲ ခံစားရတဲ့ အတိုင်း ရေးထားတာမို့လို့ နားလည်နိုင်ကြမယ်လို့ ထင်ပါတယ်... :P)

3 comments:

aZ bayote said...

သူခိုးတွေ ရပ်ကွက်ထဲတွင် သောင်းကျန်းနေပါသည်။ သတိဖြင့် နိုးနိုးကြားကြား အိပ်ကြရန် နိုးဆော်အပ်ပါသည်။

Anonymous said...

nar lel par tel nar lel par tel :P

u gotta keep writing more poems. i luv reading ur poems. since i can't write my own. :D

luv
BOke

Anonymous said...

it can be happened !! :)
mnhy