Tuesday, November 18, 2008

သူတို့ ကြားသိနိုင်ပါစေ။

ဖွားဖွား တော်တော်လေး နေမကောင်းပါဘူး။ ကျွန်မရဲ့ ကျေးဇူးရှင် အဖွားကို နောက်ဆုံး အနေနဲ့ ပြန်ပြီး ကန်တော့ချင် လို့ပါ။ ကျွန်မက လခစားဝန်ထမ်းပါ။ ကျွန်မ မချမ်းသာပါဘူး။ ဗမာနိုင်ငံသား ဘ၀ဟာ double taxed ခံရပါတယ်။ ဗမာသံရုံးကို tax မပေးချင်ဘူး။ tax ပေးရမဲ့ $၂၀၀၀ ကျော်ဟာ ကျွန်မ အဖွားရဲ့ နောက်ဆုံး အချိန်မှာ ဆေးဖိုး သုံးလို့ ရပါတယ်။

ဗမာပြည်ကြီးမှာ သယံဇာတတွေ ကြွယ်ဝတယ်ဆို။
ဗမာပြည်ကြီးမှာ သဘာဝဓါတ်ငွေ့တွေ ထွက်ပြီဆို။
ဗမာပြည်ကြီးမှာ စိန်တွေသီးနေတာတွေ Youtube မှာ တွေ့လိုက်ရတော့ တို့ဗမာပြည် ကြီးတော့ ချမ်းသာပြီဟ ဆိုပြီးဝမ်းသာနေတာ။
နောက်တော့မှ သိရတယ်။ အဲ့ဒါတွေက ဗမာပြည်ကြီးနဲ့ မဆိုင်ဘူး တဲ့။

Tax ပေးပြီး ဗမာပြည်ပြန်ရင် အဖွားကို လက်ဗလာနဲ့ ကန်တော့ရမှာပါ။
Tax မပေးပဲ ဗမာပြည်မပြန်ပဲနေရင် အဖွားကို ဆေးဖိုး ကန်တော့လို့ရမှာပါ။

တခုတော့ရှိတာပေါ့။
ကျေးဇူးရှုင်ကို နောက်ဆုံးအနေနဲ့ ကိုယ်တိုင် ကိုယ်ကျ မကန်တော့နိုင်တော့တာပါပဲ။
ပြန်လာမယ် ပြောပြီး ပြန်မလာနိုင်ခဲ့တဲ့ မြေးအတွက် အဖွား ဘာပြောမှာလဲ။

2 comments:

Anonymous said...

လူတိုင်းကမြန်မာ စစ်အစိုးရဲ့ ရက်စက်မှူကို အနဲအများခံစားကြရပါတယ်... စိတ်ဓါတ်မကျနဲ့အားတင်းထားပါ...

လရိပ်ခင် said...

I feel your pain and I know you can make a good decision on this.