Sunday, November 23, 2008

စကားစကား...သတိထား

ကျွန်မရဲ့ boss က ကုလားလူမျိုးပါ။ ကုလားလူမျိုးဆိုပေမယ့် အင်မတန်သဘောကောင်းပါတယ်။ ကျွန်မကိုလည်း ညီမလေးတစ်ယောက်လို တော်တော်လေးခင်တယ်။ ကျွန်မတို့ရဲ့ အလုပ်မှာ ကိုယ့်ကို project ပေးထားပြီဆိုရင် အဲ့ဒီ project အချိန် ဘယ်လောက်ကြာမယ် ဆိုတာကို အကြမ်းဖြင်း estimate လုပ်ပေးရတယ်။

တစ်ရက်မှာ boss က ကျွန်မ project ရဲ့ rough estimate ကို လာတောင်းပါတယ်။ ဒါပေမယ့် ကျွန်မက သူ့ကို သူ လာမတောင်းခင်ကတည်းက ပေးထားပြီးသားပါ။ အဲ့ဒါကို သူက မေ့ပြီး ကျွန်မကို "...., can you give me the ball park figure of your project?" ဆိုပြီး မေးပါတယ်။ အဲ့ဒီနေ့က ကျွန်မ တော်တော်လေး အလုပ်ရှုပ်နေပါတယ်။ အလုပ်ကို တစ်ဖက်ကလုပ်နေရင်း ဘာမှ သိပ်စဉ်းစားမနေတော့ပဲ... "hmmmm.....sure, but I think you already have that ball figure. uhm!!!... I gave that to you yesterday!" လို့ ခပ်သွက်သွက် ဖြေလိုက်ရော။ အဲ့လို အလုပ်ကို ခပ်သွက်သွက် ခပ်မြန်မြန် လုပ်တာတို့ ဘာတို့ဆိုရင် ကျွန်မတို့ boss က အင်မတန် သဘောကျတာ။ ဒါပေမယ့် ဒီတစ်ခေါက် boss ဆီက ဘာသံမှ မကြားလို့ လှည့်ကြည့်လိုက်တော့ သူ့ရဲ့မျက်နှာက အိုးတိုးအမ်းတမ်းဖြစ်နေတယ်။ ဒါတောင် ကျွန်မ မသိသေးပါဘူး။ ကျွန်မ co-workers တွေ ခွိခွိခွိ ခွီးခွီးခွီး ဆိုပြီး ကြိတ်ရယ်သံကြားတော့မှ ငါပြောတာ ဘာမှားလို့လဲလို့။ နောက်တော့မှ park ဆိုတဲ့စကားလုံး မေ့ကျန်သွားမှန်းသိတယ်။ ဒါနဲ့ အဓိပ္ဗါယ်တွေ တစ်မျိုးဖြစ်ကုန်ရော။ ;P
သြော်...English language ရယ်...။

3 comments:

Anonymous said...

ဟားဟားဟား

ST said...

စိတ်ထိန်း မှပေါ့ကွယ်။ စိတ်ငြိမ်အောင် တရားလေး ဘာလေး မှတ်ပေါ့။ ဟီး ဟီး

Anonymous said...

OS again.
HAHAHA .. :D

B