သုငယ်ချင်း....
နင်စဉ်းစားကြည့်….။
ရှုပ်ထွေးပွေလီ
ဤလောကီ ရွာဝယ်
“၀” ကို “၀ိ”လုပ်
ဂုဏ်ပုဒ် တွေဖော်
မော်နိုင်ဖို့ အတွက်
တခုခုတော့လိုအပ်မြဲ….။
နင့်အဖြစ်ကို
နင်မသိလေရော့
နင့်ဖြစ်စဉ်ကို
နင်ပြန်စဉ်းစား။
ယခုအခါ
ပြည်ဗမာဝယ်
တတ်သိပညာ
မရှိပါလျက်
လက်နက်ကိုးစား
ရမ်းကားအုပ်ချုပ်
မင်းလုပ်နေတာ
ကမ္ဘာလည်းသိ
နင်လည်းသိတယ်။
ဒီခေတ်ခါဝယ်
မှန်ရာကိုပြော
မှန်တာရေးလို့
လူငယ်တစ်ယောက်
ထောင်သက်နှစ်ဆယ်
ကျခဲ့ရတယ်။
လမ်းပြခေါင်းဆောင်
နောင်တော်တစ်စု
ပြစ်မှုကဗလာနဲ့
စီရင်ချက်က
၆၅ နှစ်။
နာဂစ် အရေး
သတင်းပေးလို့
ရုံးထုတ်စစ်တော့
ထောင်နှစ်နှစ်တဲ့။
သတိလက်လွတ်
မေ့လျော့ နေလျှင်
ငါပြောပြမယ်။
နင်တို့ “၀ိ” ဖို့ အတွက်
သူတို့ရဲ့ “ဘ၀” တွေထဲက
“၀” ကို ယူသုံးခဲ့တာကို
မမေ့ကြပါနဲ့။
၅း၃၅ pm
၁၁.၁၈.၂၀၀၈
3 comments:
လုံးကြီးတင် မပိကြပါစေနဲ့။
ကဗျာလေးက..ထိထိမိမိရှိတယ်။ တကယ် ပေးဆပ် ခြင်း ကြီးကြီးနဲ. ကိုယ်ကျိုးစွန့် ခဲ့ သူတွေကို မ မေ့ သင့် ဘူး။
We all are defined by our actions, Some definitions last long and some do not. Even after using this asylum opportunity (in the expense of precious lives), ones can be of use depending on how he can contribute to the society. Me wish to see more articles/poems/discussions about this matter more in the future. Thanks for your highlight.
Post a Comment